"ကန္တာရ၌စီးသောရေ"ဟေရှာယ-၄၃း၁၉

သခင်ဘုရား၏မဟာစေခိုင်းချက်အတိုင်းလူမျိုးနွယ်တိုင်းဧ၀ံဂေလိသတင်းကြားစေရန်

Subscribe
Add to Technorati Favourites
Add to del.icio.us
MGCအသင်းတော်မှသင့်ကိုကြိုဆိုပါ၏။ဘုရားရှင်သင့်ကိုကောင်းကြီးပေးပါစေသော်..။
Thursday 8 September 2011

လူသစ်ဖြစ်ခြင်း

Posted by pastoraungaung

  လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် 
ပြောင်းလဲ ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ၂ကော ၅း၁၇
               လူတစ်ယောက်ဟာမွေးလာပြီဆိုတာနဲ့ အပြစ်တရားက မမွေးခင် အမိဝမ်းတွင်းကပင်အုပ်စိုးပြီး
မွေးလာတော့လည်း တခါတည်းအပြစ်တရားထဲမှာကျင်လည်တယ်။ ဒါကြောင့်မလုပ်ချင်တဲ့အမှားတွေကို ဆက်ခါဆက်ခါကျူးလွန်နေကြတယ်။ သင်လည်းမသင်ယူရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူမျိုးစေ့ ပါနေ တယ်။ အမြဲတန်းမလုပ်ချင်တဲ့ ဟောင်းနွမ်းနေတဲ့အပြစ်တွေဘဲလုပ်ဖြစ်တယ်။ အဲဒီဘ၀ကို လူဟောင်း လို့ခေါ် တယ်။ လူဟောင်းဘ၀ဟာ ချည်နှောင်ခြင်းခံထားရတဲ့ဘ၀ပဲ။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် ကျွန်ဘ၀ဘဲ။ အပြစ်တရားကခိုင်းလာရင် အကုန်လုပ်ပေးရတဲ့ဘ၀ပဲ။ ကျွန်ဘ၀ဆိုတာ ဆုံးဖြတ်ပိုင်ခွင်မရှိဘူး သခင်ပြောတဲ့အတိုင်းလုပ်ရတယ် ရွေးချယ်ပိုင်ခွင့်မရှိဘူး။ အဲဒီအချိန်မှာတော့ ဖြောင့်မတ်ခြင်းအရှင်ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်နေတယ်။ ပြောမယ်ဆိုရင်မိမိကို ဖန်ဆင်းတဲ့ဖန်ဆင်းရှင်နဲ့အချိတ်အဆက်မရှိဘူး။ဒါကြောင့်အဲဒီလိုမျိုးလူတစ်ယောက်က အလင်းတရားကို မမြင်နိုင်ဘူး အလင်းကွယ်နေကြတယ်။ဒါကြောင့် အရမ်းကြောက်စရာကောင်းတဲ့ တနေ့လူတစ်ယောက်မလွဲ မသွေသေ ရမယ်ဆိုတာသိနေသော်လည်း သေရင်ဘယ်သွားမလဲဆိုမသိဘဲခရီးဆက်နေကြ ရတယ်။ မိတ်ဆွေကောသေချာတဲ့အဖြေရပြီလား။ စာတန်နတ်ဆိုးကတော့ အားလုံးလွတ်လပ်တယ်လို့ပြောပေမယ့် ချည်နှောင်ထားတယ်။
            သို့သော်လည်းလူတစ်ယောက်ဟာ သခင်ခရစ်တော်လက္ခံယုံကြည်တယ် ဆိုရင် မျှော်လင့်ချက် ကင်းမဲ့နေတဲ့ဘ၀ကနေ၊အမှောင်ဖုံးလွမ်းနေတဲ့ဘ၀ကနေ လွတ်မြောက်ပြီး ဘ၀အသစ်ကိုချက်ချင်း ပိုင်ဆိုင်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပြစ်တရားကိုမလွန်ဆန်နိုင်တဲ့၊ အချိန်တိုင်အရူံးပေးနေရတဲ့ သူဖန်းဆင်းထားတဲ့ သူ့လူတွေကိုချစ်လွန်းလို့ ထာရကောင်းကင်နိုင်ငံကနေ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းကြွ လာကာ လူ့ဇာတိကိုခံယူပြီး လူသားတွေကျူးလွန်ထားတဲ့အပြစ်ကြွေးတွေကို လက်ဝါးကားတိုင်ပေါ်မှာ အသက်ပေးပြီးဆပ်ပေးခဲ့တယ်။ အသက်တော်မစွန့်ခင်မှာ ကမ္ဘာမြေကြီးကိုအမှုပြီးပြီလို့ကြွေးကြော်တယ်။ လူသားအားလုံးအတွက် အသေခံပေးပြီး သုံးရက်မြောက်တဲ့နေ့မှာထမြောက်တဲ့ အသက်ရှင်တဲ့ ဘုရားဖြစ် ပါတယ်။ အသက်ရှင်သောဘုရားဖြစ်တဲ့အတွက် သူ့ကိုယုံကြည်သောသူကို ပြုပြင်ပြောင်လဲပေးနိုင်တယ်။ သခင်ခရစ်တော်ကို မိမိရဲ့အသက်သခင်အဖြစ်လက္ခံယုံကြည်သောလူတစ်ယောက်ဟာ ဟောင်းတဲ့ဘ၀ အပြစ်တရားအုပ်စိုးသောလူဟောင်းဘ၀ကနေပြောင်းလဲပြီး လူသစ်ဘ၀ကိုပိုင်ဆိုင်လာရတယ်။ အပြင်ကနေ ကြိုးစားခြင်းမျိုးမဟုတ်ဘဲ အတွင်းကနေ သခင်ခရစ်တော်ကိုသေခြင်းကနေထမြောက်စေတဲ့
တန်ခိုးတော်က ပြုပြင်ပြောင်းလဲပေးတယ်။ အပြောအဆိုတွေပြောင်းလဲလာတယ်၊ အကျင့်အပြု အမူတွေပြောင်းလဲလာတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီး တစ်လ၊တစ်နှစ်ပြီး တစ်နှစ်ဟောင်းတဲ့အကျင့်တွေ ပြောင်းလဲလာတယ်။ ထိုသူဟာ ဘုရားသားအဖြစ် သတ်မှတ်ခြင်းလည်း ခံရတယ်။ ဒါကြောင့်မိတ်ဆွေစဉ်းစားပါ။

0 comments: